မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စု (၁၇) ကြိမ်မြောက် လားဟူရိုးရာနှစ်သစ်ကူးပွဲတော်အမှတ်တရ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊မိုင်းလုံးကျေးရွာအုပ်စု၌ (၁၇) ကြိမ်မြောက် လားဟူရိုးရာနှစ်သစ်ကူးပွဲတော်အမှတ်တရ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျေးရွာအားကစားကွင်း ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်၊ လူမူဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်‌နေ့က သရက်ချောင်းမြို့နယ်၊ လူမူဝန်ထမ်းမူလတန်းကြိုကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ လင်းရောင်ခြည်စာကြည့်တိုက် ကော်မတီအသစ် ပြန်လည်ဖွဲ့စည်း

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ လင်းရောင်ခြည်စာကြည့်တိုက် ကော်မတီအသစ် ပြန်လည်ဖွဲ့စည်းခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အဆိုပါ စာကြည့်တိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် အားကစားပြိုင်ပွဲများ စတင်ကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီမှ စတင်၍ အဆိုပါကျောင်းရှိ ဘောလုံးကွင်း၌ ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသတွင် Robusta ကော်ဖီသီးများ ဈေးကောင်းရရှိလာ၍ တောင်သူများနှင့် သိုလှောင်ရောင်းဝယ်သူများ အဆင်ပြေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ နှစ်ရှည်ပင်ဖြစ်သော ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးထားကြရာ Robusta ကော်ဖီသီးများ ရင့်မှည့်ချိန် ဈေးကောင်းရရှိလာ၍ စိုက်ပျိုးသူတောင်သူများနှင့် သိုလှောင်ရောင်းဝယ်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့၌ ခေတ်မီကစားကွင်း ပျော်ပွဲရွှင်ပွဲများနှင့် စျေးရောင်းပွဲတော်ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ခေတ်မီကစားကွင်းများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စျေးရောင်းပွဲတော်ကို ယမန်နေ့ညက မြို့မ (၁) ရပ်ကွက်ရှိ လေ့ကျင့်ရေးအားကစားကွင်း၌ စည်ကားစွာ ကျင်းပသည်။

အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီအချိန်က အင်းစိန်မြို့နယ်အတွင်း ရပ်ကွက်များရှိ သတ်မှတ်နေရာများတွင် ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့မစည်ပင်သာယာရေးအဖွဲ့က မြို့မဈေး၌ မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးလုပ်ငန်းများ ကြပ်မတ်စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပွင့်လင်းရာသီချိန်ရောက်ရှိလာပြီဖြစ်သဖြင့် မြို့မစည်ပင်သာယာဈေးကြီးအား မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးအတွက် ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းစံမြို့တွင် (Mobile Library) စနစ်ဖြင့် စာအုပ်စာ‌စောင်များ ငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည် ပြည်သူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသည့် စာဖတ်ဝါသနာရှင်များ စာပေကို လွယ်လင့်တကူလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် နယ်လှည့်စာကြည့်တိုက် Mobile Library စနစ်ဖြင့် စာဖတ်သူများထံသို့ စာအုပ်များ အခမဲ့ငှားရမ်းပေးခြင်းကို ယ‌နေ့နံနက် ၁၀ နာရီက မိုင်းစံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ စာအုပ်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့သည်။

သဲကုန်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားသုံးဆီဖူလုံစေရန် ဆီထွက်သီးနှံမြေပဲ(၄၆၆၆)ဧက စိုက်ပျိုးရန်လျာထား

ဒေသတွင်းစားသုံးဆီဖူလုံစေရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိဒေသခံတောင်သူများအနေဖြင့် မိရိုးဖလာလုပ်ငန်းဖြစ်သောစိုက်ပျိုးရေးလုပ်ငန်းကိုသာအဓိကထား လုပ်ကိုင်လျက်ရှိရာ ယခုနှစ်ဆောင်းရာသီ ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများကို အဓိကထားစိုက်ပျိုးလျက်ရှိကြသည်။
Subscribe to