ကျောက်တံခါးမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်း သိရသည်။

တောင်ငူမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်)တို့အား One Stop Service ဖြင့် အခမဲ့ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့မှဦးဆောင်၍ တောင်ငူခရိုင်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက လာမည့်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် တောင်ငူမြို့နယ်အတွင်းရှိ ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မြေပြင်ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်)တို့အား ယနေ့နံနက် (၉)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ဝန်ဆောင်မှုရုံး၌  One Stop Service ဖြင့် အခမဲ့ဆောင်ရွက်ပေးလျက်ရှိသည်။

ပခုက္ကူမြို့၌ မဲရုံတာဝန်ကျထမ်းဆောင်မည့်ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ မိမိတို့၏ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ဒီဇင်ဘာလ ၁၈ ရက်မှစတင်ပြီး ကြိုတင်ဆန္ဒမဲပေးကြကြောင်း သိရသည်။

မက်မန်းမြို့နယ်တွင် တတိယအကြိမ်မဲစာရင်းများ ကြေညာခြင်းမပြုမီ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး စိစစ်ဆောင်ရွက်

ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မကြာမီကျင်းပတော့မည် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တတိယအကြိမ် မဲစာရင်းများ ကြေညာခြင်းမပြုမီ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးစိစစ်ဆောင်ရွက်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကွန်ဟိန်းမြို့၌ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်(၉)နာရီအချိန်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ကော့သောင်းမြို့၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး စိစစ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ မဲစာရင်းများကြေညာခြင်းမပြုမီ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ၊‌ ကော့သောင်းမြို့နယ်ရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဆောင်ရွက်ရာ၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မဲစာရင်းစိစစ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမ၌ ဆောင်ရွက်သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၈)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကန့်ဘလူမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ အောင်သစ္စာ ကွန်ကရစ်လမ်း၊ အမှတ်(၄)ရပ်ကွက် မဟာဗန္ဓုလကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားများတက်ရောက်

(၇၈)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ တောက္ကရှပ်-မင်းကုန်း ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ကြသည်။

ကျောက်ဆည်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံး၊ ပျက်စီးသူများအား နေ့ချင်းပြီးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး ယနေ့နံနက် ၉ နာရီက စုကြီးရပ်ကွက်၊ လေးမျက်နှာဘုရားဝန်း ဝေဇယန္တာခန်းမ၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီးသူများအား နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to