သံတောင်ကြီးမြို့၌ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကျင်းပ

သံတောင်ကြီး  ဒီဇင်ဘာ ၂၂

ကရင်တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ကရင်သက္ကရဇ်၂၇၆၅ ခုနှစ်၊ ၂၀၂၅ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့  အခမ်းအနားကို ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့တွင် ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၁၉ ရက်နေ့နံနက် ၅ နာရီက ကရင်နှစ်ကူးတောင်ထိပ်တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနား ကျင်းပဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ    ကရင်အလံလွင့်ထူခြင်း၊   တံခွန်တိုင်အဖိုအမစိုက်ထူခြင်းများ   ဆောင်ရွက်ခဲ့ပြီး ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်မှ  ဆရာတော်ဘိုသာကအဖွင့်ဆုတောင်းပေးခြင်း၊ ကရင်နှစ်သစ်ကူးနေ့ဖြစ်ပေါ်လာပုံနှင့်တံခွန်တိုင်စိုက်ထူရခြင်းဖြစ်ပေါ်လာပုံများကို ကရင်နှစ်သစ်ကူးကော်မတီဉက္ကဋ္ဌက ပြောကြားခြင်း၊   ရှင်ဂျော့ဂျက်အသင်းတော်မှ  ဆရာတော် တင်အုန်းက  ကရင်တစ်မျိုးသားလုံးအတွက် ဆုတောင်းမေတ္တပို့သပေးခြင်း ဘွဲကရင်စာပေကော်မတီဉက္ကဋ္ဌ ဆရာတော် မူးယွာထူး မှကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးကရင်ရိုးရာအကများကပြဖျော်ဖြေခဲ့သည်။

ဆက်လက်ပြီးကရင်အမျိုးသားနှစ်သစ်ကူး နေ့အခမ်း အနားတက် ရောက်လာကြသည့် ပရိသတ်များအား နံနက်စာ ကောက်ညှင်းပေါင်းများဖြင့်ဧည့်ခံခဲ့ကြောင်းသိရသည်။

ထို့နောက် နေ့လယ်(၂)နာရီအချိန်တွင်ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ဘောလီဘောပြိုင်ပွဲနှင့် ဉာဏ်ဏပြိုင်ပွဲများတွင် ဆုရရှိသူများအား  ဆုပေးပွဲအစီအစဉ်နှင့်အကပဒေသာများကပြတင်ဆက်ခဲ့ကြောင်း သိရသည်။

နော်နော်မူ