စလင်း ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော ပြည်သူများအားလုံး မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီးသူများအား ယနေ့ နံနက်ပိုင်းမှ စတင်ပြီး အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်းပြီး ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော ပြည်သူများအားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် ဆန္ဒမဲပေးနိုင်ရေးရည်ရွယ်၍ စလင်းမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးဝန်းအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်ဆီးသူများနှင့် အိမ်ထောင်စုဇယားအသစ်လဲလှယ်ခြင်း၊ မှတ်ပုံတင်ကတ်ပြားများ အသက်(၁၈)နှစ်နှင့်အထက်ရှိသူများအား အသစ်လဲလှယ်ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီလုပ်ငန်းများတွင် ပါဝင်ဆင်နွှဲ ဆန္ဒမဲပေးနိုင်ရေးကို အလေးထားဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူများထံလက်ဝယ်အရောက် နေ့ချင်းပြီးဆောင်ရွက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်လွင်(စလင်း)