ကျွန်းစုမြို့နယ်၌ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ ကျန်ရှိမှုမရှိစေရေးနှင့် မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် တတိယအကြိမ် မဲစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ဒီဇင်ဘာလ ၂၁ ရက် နံနက်ပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စေတုတ္တရာမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ ပြည်သူများအား အခြေခံစားကုန် “စားသုံးဆီ” တစ်ပိဿာလျှင်(၇၂၉၅)ကျပ်ဖြင့် ရောင်းချပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်ဆီကုန်သည်များ အသင်းမှဦးဆောင်၍ အခြေခံစားကုန်စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်(၇)နာရီက စည်ပင်သာယာဈေးအနောက်ဘက် ရွှေတောင်ပေါ်ဆီ အရောင်းဆိုင်တွင် ရောင်းချပေးခဲ့သည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ မိမိကိုယ်ကျိုးစီးပွားအတွက် လူအချင်းချင်းအပေါ် လူကုန်ကူးကာ အမြတ်ထုတ် စီးပွားရှာခြင်းသည် အလွန်ဆိုးရွားကြောင်း သိရှိနိုင်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ရှေ့နံရံကပ်ပြဘုတ်၌ ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပလောက်မြို့၌ ဝါယာကြိုးရှော့ဖြစ်၍ နယူးစတိုင် ဆန်နှင့်ကွမ်းယာပစ္စည်း ကုန်မျိုးစုံဆိုင် တစ်ဆိုင် မီးလောင်မှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁) ရပ်ကွက်၊ ဗဟိုလမ်း၌ (နယူးစတိုင် ဆန်နှင့်ကွမ်းယာပစ္စည်း ကုန်မျိုးစုံဆိုင်) တစ်ဆိုင်တွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၃ နာရီခန့်က ဝါယာကြိုး ရှော့ဖြစ်၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့တွင် မော်တော်ဆိုင်ကယ်စီးနင်းမောင်းနှင်သူများ ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်ခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မော်တော်ဆိုင်ကယ် စီးနင်းမောင်းနှင်သူများ ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်ခြင်းရှိ/မရှိကို သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၁၀ နာရီခွဲက အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရှောင်တခင် စစ်ဆေးဆောင်ရွက်ခဲ့သည်။

စေတုတ္တရာမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ​စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်း၍ ချစ်နိုင်(စိတ်ပညာ)၏ “အောင်မြင်ခြင်းရဲ့အုတ်မြစ်”စာအုပ်ဖြင့် ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လယ် ၃ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့နည်း သုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်း ဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက် စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

နမ့်စန်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အသက် (၁၈) နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်”အသိပညာပေးလက်ကမ်းစာစောင်များနှင့် မြန်မာဘာသာနှင့် တိုင်းရင်းသားဘာသာများဖြင့် ရိုက်နှိပ်ထားသည့် မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုမဲပေးနည်းနှင့် မဲပေးခြင်းလုပ်ငန်း အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၁ နာရီက အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမရှေ့ရှိ လူစည်ကားရာနေရာ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြန့်ဝေခဲ့သည်။

ကျိုင်းတောင်းမြို့၌ အငြိမ်းစားပင်စင်လစာငွေများ စနစ်တကျ ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ မြန်မာ့စီးမွားရေးဘဏ်၌ အငြိမ်းစားပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းက စတင်၍ထုတ်ပေးလျက်ရှိရာ အငြိမ်းစား ပင်စင်ဝန်ထမ်းများမှ အေးချမ်းစွာလာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
Subscribe to