မိုင်းကိုင်မြို့နယ်၌ တတိယအကြိမ် ကပ်ထားကြေညာမည့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး စိစစ်ခြင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ တတိယအကြိမ် ထပ်မံကပ်ထားကြေညာမည့်  ပါတီစုံတီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မဲစာရင်းစိစစ်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၂၀ ရက်နေ့က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စုပေါင်းဆောင်ရွက်ခဲ့သည်။

မိုင်းပန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာ ထုတ်ပေးခြင်းနှင့် ကျန်းမားရေးစစ်ဆေးပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ်(၂၁)ရက်နေ့မှစတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းရယ်မြို့‌ ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရန် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းရယ်မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် အသက်(၁၈)နှစ်ပြည့်ပြီးသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး၊ ‌‌‌ပျောက်ဆုံးသူများကို နိုင်ငံသားစိစစ် ရေးကတ်ပြားထုတ်‌ပေးနိုင်ရန်အတွက် ယမန်နေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၌ ကွင်းဆင်း‌ဆောင်ရွက်သည်။

သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံသာသနာ့နွယ်ဝင်သီလရှင်များ ပရိယတ္တိပဋိပတ္တိကျောင်းတိုက်တွင် (၄၁) ကြိမ်မြောက် (၅) မြို့နယ် စာပြန်စာမေးပွဲကြီးဆက်လက်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဘုရားလမ်းမ ကျိုက္ကစံသာသနာ့နွယ်ဝင်သီလရှင်များ ပရိယတ္တိပဋိပတ္တိကျောင်းတိုက်တွင် သီလရှင်များ အလုပ်အမှုဆောင်အဖွဲ့နှင့် သာသနဟိတကာရီအမျိုးသမီးအဖွဲ့တို့မှ ကြီးမှူးကျင်းပသည့် (၄၁) ကြိမ်မြောက် (၅) မြို့နယ် စာပြန်စာမေးပွဲကြီးအား ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီက သင်္ဃမိတ္တာကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ ရွေးကောက်ပွဲလုပ်ငန်းစဉ် ဆွေးနွေးပို့ချ သင်တန်းဖွင့်လှစ်

ကျောက်က်တံတားခရိုင်၊ လသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို ဆွေးနွေးပို့ချသင်ကြားပေးသည့် သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးဆန်းထွန်းအောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံသိန်းနှင့် အဖွဲ့ဝင်များ၊ အတွင်းရေးမှူး ဒေါ်အိအိခင်အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မဲရုံတာဝန်ထမ်းဆောင်မည့် ဆရာ/ဆရာမများ စုစုပေါင်း (၄၀) ကျော် တက်ရောက်ခဲ့ကြသည်။

လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ "လူငယ်နှင့် ကိုယ်ရည်ကိုယ်သွေး"အကြောင်း အသိပညာပေး (Talk Show) ပြုလုပ်

လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ "လူငယ်နှင့် ကိုယ်ရည်ကိုယ်သွေး"အကြောင်း အသိပညာပေး (Talk Show) ပြုလုပ် လမ်းမတော် ဒီဇင်ဘာ ၁၉ မြို့နယ်(ပြန်/ဆက်)

ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လူငယ်နှင့်မျိုးချစ်စိတ် Talk Show ကျင်းပ

ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လူငယ်နှင့်မျိုးချစ်စိတ် Talk Show ကျင်းပ ဗိုလ်တထောင် ဒီဇင်ဘာ ၁၉ အိမြတ်ဝင်းထွဋ်
Subscribe to