ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၂၂
မကွေးတိုးင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးခြင်းဆိုင်ရာ သိရှိနိုင်စေရန် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင် ပြသဆောင်ရွက်ထားရှိခြင်းကို ယနေ့တွင် ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသထားခဲ့ကြောင်း သိရသည်။
အဆိုပါ မြေစိုက်နံရံကပ်ဘုတ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရာ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းဆိုင်ရာများ၊ ဆန္ဒမဲပေးရာ၌ ဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန် အသိပညာပေးနံရံကပ်ပိုစတာများနှင့် “ဒို့အတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များ ပြသပေးထားကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)