ညောင်ဦးမြို့နယ်၌ ရွေးကောက်ပွဲအကြိုကာလ မီးဘေးအန္တရာယ်ကင်းရှင်းရေး မြို့ပေါ်ရပ်ကွက်များ၌ လှည့်လည်နှိုးဆော်

ညောင်ဦး ဒီဇင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ရွေးကောက်ပွဲအကြိုကာလ ရပ်ကွက်/ကျေးရွာများနှင့် မဲရုံ၊ မဲရုံပတ်ဝန်းကျင်များ မီးဘေးကြိုတင်ကာကွယ်ရေး လှည့်လည်နှိုးဆော်ခြင်းကို ဒီဇင်ဘာ ၂၂ ရက်၊ နံနက် ၁၀ နာရီခွဲက မီးဘေးအန္တရာယ်ကင်းရှင်းရေး လှည့်လည်နှိုးဆောင်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့၊ မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးရဲမင်းထွန်း ဦးဆောင်တပ်ဖွဲ့ဝင် ၅ ဦးတို့ဖြင့်လည်းကောင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်အတွင်းရှိ အနော်ရထာရပ်ကွက်၊ ကျန်စစ်သားရပ်ကွက်၊ သီရိပစ္စယာရပ်ကွက်များအတွင်းသို့ ပုဂံနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမောင်မောင်သိန်း ဦးဆောင်တပ်ဖွဲ့ဝင် ၅ ဦးတို့ဖြင့်လည်းကောင်း ရွေးကောက်ပွဲအကြိုကာလအတွင်း မီးဘေးအန္တရာယ်ကင်းရှင်းရေး လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း