မင်းတုန်း ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းက ကျောင်းအကျိုးတော်ဆောင်၏ ရည်ရွယ်ချက်များ၊ ကျောင်းသား/ကျောင်သူများ၏ အားနည်းသည့် ဘာသာရပ်များကို ဂရုစိုက်သင်ကြားရေးဆွေးနွေးခဲ့ပြီး အ.ထ.က ကျောင်းအုပ်များ၊ ဘာသာရပ်သင်အလိုက် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဘာသာရပ်သင် ဘော်ဒါဆောင်ပိုင်ရှင်များ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ကျောင်းအကျိုးတော်ဆောင်များမှ ကျောင်းအပေါ် ကူညီဆောင်ရွက်ပေးနိုင်မှု အခြေအနေများ ဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာ ကျောင်းအုပ်များက တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် လက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် ဒီဇင်ဘာလ စာမေးပွဲစစ်ဆေးပြီးချိန်တွင် ဘာသာရပ်အလိုက် အားနည်းသည့် ကျောင်းသား/ကျောင်းသူများကို အားဖြည့်သင်ကြားသည့် အစီအစဉ်များ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဘာသာရပ်သင်ဘော်ဒါများမှ အားဖြည့်သင်ကြားပေးသည့်အခြေအနေများ ဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ချင်းကလေး(NRDC)