ကျိုက်လတ်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စိုက်ပျိုးနည်းသရုပ်ပြ
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၏ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ် ကော်ဖီပျိုးပင် ပေးအပ်ပွဲနှင့် စိုက်ပျိုးနည်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရုံးဒေါင့်ကျေးရွာရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စိုက်ပျိုးသရုပ်ပြခဲ့ကြောင်း သိရသည်။