မိုင်းယောင်းမြို့၌ လူငယ်ရေးရာ အသိပညာပေး Talk Show ကျင်းပ

မိုင်းယောင်းမြို့၌ လူငယ်ရေးရာ အသိပညာပေး Talk Show ကျင်းပ မိုင်းယောင်း ဇန်နဝါရီ ၇ ဝေဝေခိုင်(ပြန်/ဆက်)

ပခုက္ကူမြို့၌ မြန်မာ့ရိုးရာအမွေအနှစ်တစ်ခုဖြစ်သည့် သနပ်ခါးများ အရောင်းအဝယ်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မြန်မာ့ရိုးရာအမွေအနှစ်တစ်ခုဖြစ်သည့် သနပ်ခါးများ အရောင်းအဝယ်ဖြစ်ထွန်းပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပွင့်လင်းရာသီတွင်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား လိုက်လံစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကင်မွန်းတန်းကျေးရွာအုပ်စု၊ ရတနာ (၂) စက်သုံးဆီအရောင်းဆိုင်အား လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့သည်။     

ပင်လောင်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို ကွင်း‌ဆင်းစစ်‌ဆေးမှု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မီးဘေးအသိ မီးဘေးသတိရှိစေရေးနှင့် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညပိုင်းက ရပ်ကွက်များအတွင်း လှည့်လည်ဆောင်ရွက်ခဲ့သည်။

တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် ဥစားကြက်သွန်နီများ စတင်စိုက်ပျိုးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် ဥစားကြက်သွန်နီများ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် ဥသျှစ်ပင်စျေးတွင် မီးဘေးအန္တရာယ်တားဆီးကာကွယ်နိုင်ရေး မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ဥသျှစ်ပင်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြိုနယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် မီးဘေးအန္တရာယ်တားဆီးကာကွယ်နိုင်ရေးမီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို ဥသျှစ်ပင်စျေး၌ယနေ့နံနက် (၉) နာရီခွဲအချိန်က အဆိုပါစျေးရှေ့တွင် ဆောင်ရွက်ခဲ့သည်။

မိုင်းယုဒေသတွင် ဆောင်းသီးနှံ ဘိုစားပဲသီးများ ယခင်နှစ်ထက် ပေါက်ဈေးမှာ တစ်ကီလိုလျှင် ကျပ်တစ်ထောင်နီးပါး ကျဆင်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုဒေသတွင် တောင်သူများ စီးပွားဖြစ် စိုက်ပျိုးထားသည့် ဆောင်းသီးနှံဘိုစားပဲများ လှိုင်လှိုင်ပေါ်၍ ကုန်သည်များထံရောင်းချရာ တစ်ကီလို ကျပ် ၁၂၅၀ (တရုတ်ယွမ် ၂ ယွမ်)သာ ပေါက်ဈေးရှိပြီး ယခင်နှစ်ထက် ပေါက်ဈေးမှာ တစ်ကီလို ကျပ်တစ်ထောင်နီးပါး ကျဆင်းသွားခဲ့ရသည်။

တံတားမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေဝါသနာရှင်များနှင့် (Book Club) အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာအောင်ကိုဦး ရေးသားသည့် “လူငယ်တွေစဥ်းစားဖို့” စာအုပ်ဖြင့် ယနေ့နံနက် (၁၀) နာရီအချိန်က စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
Subscribe to