မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလအထိမ်းအမှတ် အသက် ၁၈ နှစ်အောက် အမျိုးသား၊ အမျိုးသမီး မာရသွန်အပြေးပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလအထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး အသက် ၁၈ နှစ်အောက် မာရသွန်အပြေးပြိုင်ပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ နံနက် ၆ နာရီအချိန် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ စုရပ်မှ စတင်ပြုလုပ်ခဲ့သည်။

လိပ်သိုမြို့နယ်တွင် ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရုံသာမက စဉ်းစား တွေးခေါ်နိုင်စေရန် စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များရရှိစေရန် နှင့်စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် စာရေးဆရာ သစ္စာနီ ရေးသားသော “ကလေးတို့ဘဝ ကလေးတို့ကမ္ဘာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နေ့လည် ၁၁ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့၌ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူးကျင်းပသည့် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ "ဒို့အတူတူ မဲပေးကြမယ်" လှုံ့ဆော်ရေး မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူများ မဲပေးနိုင်ရေးအတွက် "ဒို့အတူတူမဲပေးကြမယ်" လှုံ့ဆော်ရေး မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၂၂ ရက် နံနက် ၉ နာရီက မြို့နယ်ပန်းခြံ၌ ကျင်းပသည်။

ညောင်ဦးခရိုင်၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းများ မဲပေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းများ ဒီဇင်ဘာ ၂၂ ရက်နေ့တွင်လည်း အမှတ် (၆)၊ တက်သိမ်းရပ်ကွက်မဲရုံတွင် ဆက်လက်မဲပေးလျက်ရှိကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်တွင် မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံပြင်ဆင်ထားရှိမှုအား လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများကို ဒီဇင်ဘာ ၁၉ ရက်နေ့က တာ၀န်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၊ သဲကုန်းကျေးရွာ၌ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မိခင်နှင့်ကလေးများ အာဟာရဖွံ့ဖြိုးစေရေးနှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ(၁၈)ရက်နေ့နံနက် (၁၀)နာရီက သဲကုန်းကျေးရွာ၊ ကျောင်းကြီးဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်များ လက်တွေ့စမ်းသပ်စစ်ဆေး ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲတွင် တာဝန်ကျထမ်းဆောင်မည့် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များမှ မြန်မာအီလက်ထရောနစ်မဲပေးစက်များ လက်တွေ့စမ်းသပ်စစ်ဆေးခြင်းကို ယနေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမတွင် ကျင်းပဆောင်ရွက်ကြကြောင်း သိရသည်။  

ငါန်းဇွန်မြို့၌ တတိယအကြိမ် မဲစာရင်းများ မှန်ကန်စေရေး စိစစ်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့နံနက် ၉ နာရီမှစ၍ တတိယအကြိမ် မဲစာရင်းများ မှန်ကန်စေရေး စိစစ်မှုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပုံမှန် ၂၁ ရက်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to