ကမာရွတ်မြို့နယ်၌ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ရှင်းလင်းပွဲနှင့် သရုပ်ပြပွဲကျင်းပ
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (ပထမပိုင်း) ကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ရာ ကမာရွတ်မြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ရှင်းလင်းပွဲနှင့်သရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က အမှတ် (၉) ရပ်ကွက် အမှတ် (၂) အခြေခံပညာမူလတန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။