ကျောက်ဆည်မြို့နယ်၌ မဲဆန္ဒနယ်မြေအတွင်းရှိသော်လည်း မဲရုံသို့မလာရောက်နိုင်သည့် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲများပေးခြင်းများ ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မဲဆန္ဒနယ်မြေအတွင်းရှိသော်လည်း မဲရုံသို့မလာရောက်နိုင်သည့် မဲဆန္ဒရှင်းများသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်ထားသည့် ဆန္ဒမဲရုံများသို့ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်မဲများပေးလျက်ရှိကြောင်း သိရသည်။