မင်းလှမြို့၌ သောက်ရေသန့်ထုတ်လုပ်ဖြန့်ချိနေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေး
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မယ်ဇလီတောကျေးရွာတွင် သောက်ရေသန့်ထုတ်လုပ်ဖြန့်ချိနေမှုအား သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်မှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ မွန်းတည့် (၁၂)နာရီက မြို့နယ်အဆင့် ကပ်ရောဂါအသွင်ဖြစ်ပွားတတ်သော ရောဂါများကာကွယ်ထိန်းချုပ်ရေးဦးစီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။