ကော့ကရိတ် ဒီဇင်ဘာ ၂၄
၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများဖွင့်လှစ်ရန်လျာထားသည့် မဲရုံများဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးမိုးကျော်အောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀နာရီတွင် ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များအတွင်းရှိ မဲရုံများသို့လည်းကောင်း မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကျုံဒိုးမြို့အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့်အတူ သက်ဆိုင်ရာတာဝန်ရှိသူများက ကျုံဒိုးမြို့ပေါ် ရပ်ကွက်များရှိ မဲရုံများသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မဲရုံများစစ်ဆေးဆောင်ရွက်ရာတွင် မဲရုံများ၏ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ ရေလုံအိမ်သာများ ဆောက်လုပ်ထားခြင်းရှိ/မရှိ၊ သောက်ရေ/သုံးရေများလုံလောက်စွာရရှိမှုရှိ/မရှိ၊ လျှပ်စစ်မီးများရရှိမှုရှိ/မရှိတို့အား မဲရုံများပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျအလေးထား ဆောင်ရွက်ရေးအတွက် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)