မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက် မြို့သစ် ဒီဇင်ဘာ ၂၄ ဝင်းအိဇွန်(ပြန်/ဆက်)

ကော့မှူးတွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဌာနဆိုင်ရာ ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

(၇၈) နှစ်မြောက် လွတ်လပ်‌ရေးနေ့ အထိမ်းအမှတ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဌာနပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အောင်ဇမ္ဗျုအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် “လူငယ်နှင့် အနာဂတ်ကမ္ဘာ” အသိပညာပေး Talk Show ဆောင်ရွက်

ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် “လူငယ်နှင့် အနာဂတ်ကမ္ဘာ” အသိပညာပေး Talk Show ဆောင်ရွက် နေပြည်တော် ဒီဇင်ဘာ ၂၄ အောင်သူရဦး (ပြန်/ဆက်)

တမူးခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲနှင့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရခိုင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ရက်ကန်းနှင့်အသက်မွေး ပညာ သင်တန်းကျောင်း(စစ်တွေ)တို့ ကျင်းပသည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ၊ လုပ်ငန်းထူထောင်မည့်သူများ တက်ရောက်ကြသည်။

ကိုကိုးကျွန်းမြို့နယ်၌ တတိယအကြိမ် မဲစာရင်းကပ်ထားကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်‌ရေးအတွက် တတိယအကြိမ်မဲစာရင်းကပ်ထားကြေငြာခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီမှ စတင်၍ အမှတ် (၁) ရက်ကွက်နှင့် အမှတ် (၂) ရက်ကွက် ကော်မရှင်ခွဲရုံးများတွင် ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

တမူးမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ မဲရုံများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်သူများဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားရှိသော ရပ်ကွက်/ ကျေးရွာအုပ်စု မဲရုံများအား ဒီဇင်ဘာလ ၂၃ ရက်နေ့  နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ငပုတောမြို့နယ်မြို့မဈေးအတွင်းရှိ ဈေးဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက်မရရှိသော စားသောက်ကုန်များအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြို့မဈေးအတွင်းရှိ ဈေးဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ခွင့်ပြုချက်မရရှိသောစားသောက်ကုန်များ ယနေ့နံနက်ပိုင်းကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒုတိယဦးစီးမှူးဒေါ်ဟေမာဦး၊မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးဇော်လင်းဦး၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက ငပုတောမြို့မြို့မ‌ဈေးအတွင်းရောင်းချလျက်ရှိသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးသည်။

တာမွေမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၏ စီစဉ်မှုဖြင့် ဒီဇင်ဘာ ၂၂ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို တာမွေမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ တတိယအကြိမ် ကပ်ထားကြေငြာ

စစ်ကိုင်းမြို့၌ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒီဇင်ဘာ ၂၃ ရက်နေ့မှစတင်၍ တတိယအကြိမ် ကပ်ထားကြေငြာထားကြောင်း သိရသည်။
Subscribe to