မိုးညှင်းတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမျိုးသား/အမျိုးသမီး တံခွန်စိုက် ဘာသာရပ်ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၄−၂၀၂၅ ပညာသင်နှစ် အမျိုးသား/အမျိုးသမီးတံခွန်စိုက် ဘာသာရပ်ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၇)နာရီခွဲအချိန်က တက္ကသိုလ်မိုးလုံလေလုံ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ” အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးသူငယ်များနှင့် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍  ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ယနေ့နံနက်  ၁၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုလောမြို့၌  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်း ပညာရေးစုံညီပွဲတော်ကို ကျင်းပ

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၈ ရက်နေ့နံနက် ၉ နာရီခွဲက ပုလောမြို့ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ငပုတောမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ညပိုင်းကမြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ငပုတောမြို့ပေါ်ရှိ ရပ်ကွက်များသို့အသံချဲ့စက်များ လှည့်လည်၍ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်(၁၀)နာရီက အ.မ.က(မူလွန်)သူဌေးကုန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းစုမြို့တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် APTERR ဆိုင်ရာ(၃)အစီအစဉ်ဖြင့် ဂျပန်နိုင်ငံနှင့်ကိုရီးယားသမ္မတနိုင်ငံတို့မှလှူဒါန်းသည့် အရန်ဆန်ရိက္ခာပေးအပ်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းခရိုင်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ASEAN+3 အရေးပေါ်ဆန် အရန်ရိက္ခာ(APTERR)အစီအစဉ်ဖြင့် လှူဒါန်းသော အရန်ဆန်အိတ်(၁၁၆၁)အိတ် ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်စိုက်ပျိုးရေးဦးစီးဌာန မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean and Green School Award) များ ပေးအပ်ချီးမြှင့်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၅ ခုနှစ်၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean and Green School Award) များ ပေးအပ်ချီးမြှင့်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပါဝင်ယှဉ်ပြိုင်မည့် ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာကျောင်းများသို့ ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့‌‌ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ ဆန်စားသုံးဆီငါးနှင့် ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ

ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏လမ်းညွှန်မှုဖြင့် တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများ ပြင်ပပေါက်ဈေးထက်သက်သာသော နှုန်းထားဖြင့် ဝယ်ယူနိုင်ရန်အတွက် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ရွေ့လျားမော်တော်ယာဥ်ဖြင့် ဆန်၊ စားသုံးဆီ၊ ငါးနှင့် ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် လိုက်လံရောင်းချပေးခဲ့သည်။

ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် (၁၀) နာရီက အနောက်ဘက်ကျေးရွာအုပ်စု မောင်းရုံကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to