ကျွန်းလှ ဒီဇင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ကျွန်းလှမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်ကြောင့် ထွက်ပြေးလွတ်မြောက်လာသူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ကျွန်းလှမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဘုန်းမြင့်နိုင်က အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စုစုလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့မိမြိုဖများက အကြမ်းဖက်ဖြစ်စဉ်ကြောင့် ထွက်ပြေးလွတ်မြောက်လာသူ (၅၄) ဦးအား စုစုပေါင်း ငွေကျပ် ၄၁၇၆၉၀၀ တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆားအပါဝင် အခြေခံစားသောက်ကုန် (၈) မျိုးကို တစ်ဦးချင်းလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ