ကျောက်တန်းမြို့နယ်၌ သင်ထောက်ကူပြု‌မော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အသိပညာပေးဆွေးနွေး

ကျောက်တန်း ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဉီးစီးဌာနက သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အလုပ်သမားဉပဒေပါရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ယမန်နေ့ နံနက် ၉ နာရီခွဲက ကျောက်တန်းမြို့နယ်၊ သီလဝါဆိပ်ကမ်းဒေသရှိ Elite Petrochemical Co.,Ltd (ဆီသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်း) နှင့် Padauk Shwe War Port and Petroleum Co.,Ltd (ဆီသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်း) တို့၌ ပြုလုပ်ခဲ့သည်။

အသိပညာ‌ပေးဆွေးနွေးပွဲတွင် အလုပ်သမားဉပဒေပါရပိုင်ခွင့်များကို သိရှိနားလည်ပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာအသိအမြင်များ တိုးတက်လာစေရန်ရည်ရွယ်၍ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဉီးစီးဌာန၊ သီလဝါအထူးစီးပွားရေးဇုန်ရုံးမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်မေမြတ်မွန်နှင့် ဉီးစီးအရာရှိ ဒေါ်နုနုယဉ်တို့က ဥပဒေပါရပိုင်ခွင့်များနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့သည်။

နေလင်းကျော် (ပြန်/ဆက်)