ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ရွေးကောက်ပွဲဆောင်ရွက်မည့် မဲရုံများ မီးဘေးအန္တရာယ်ကင်း‌ဝေးစေရေး လိုက်လံစစ်ဆေး

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ရွေးကောက်ပွဲဆောင်ရွက်မည့် မဲရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ယမန်နေ့ နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပြီး ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။

ကျောက်ကြီးမြို့နယ်၌ အကြမ်းဖက်ဖြစ်စဥ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် နေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ဇူလိုင်လ၊ သြဂုတ်လနှင့် စက်တင်ဘာလအတွက် (၃)လစာထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲရုံများဆောင်ရွက်ထားရှိမှု အခြေအနေအားတာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲရုံများ လိုအပ်ချက်များမဖြစ်ပေါ်စေရေး ယမန်နေ့ နံနက်ပိုင်းအချိန်က ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်မှုများ မဖြစ်ပေါ်စေရေး လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီ ပဲမျိုးစုံလျာထားဧကထက် ပိုမိုစိုက်ပျိုး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံလျာထားဧက ထက်ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပေါင်းတည်မြို့၌ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းများဆိုင်ရာ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ပို့ချ

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းများဆိုင်ရာ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ပို့ချ‌ပေးလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနား တက်ရောက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ သူနာပြုသင်တန်းကျောင်း (မန္တလေး)တွင် ကျင်းပသည့် (၁၀) ကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်း အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သူနာပြုသင်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။       

မိုင်းဖြတ်မြို့နယ်၌ (တတိယ)အကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မကြာမီကျင်းပတော့မည်ဖြစ်ရာ (တတိယ)အကြိမ် မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့က သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ကြေညာထားကြောင်း သိရသည်။ 

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ပွင့်လင်းရာသီတွင်ဆောင်ရွက်သွားမည့် ရေလမ်းကြောင်းထိန်းသိမ်းရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သည် နှစ်စဉ်မိုးရာသီတွင် ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့်အတွက် မြို့ပေါ်ရပ်ကွက်များတွင် ရေဝင်နစ်မြှုပ်လေ့ရှိသဖြင့် ကချင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုကို ခံယူ၍ ကမ်းထိန်းရေကာတာ လုပ်ငန်းများ၊ ရေထိန်းတံခါးစီမံကိန်းများနှင့် ရေလမ်းကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများကိုစီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့နံနက်ပိုင်းတွင် မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းများ ပွင့်လင်းရာသီတွင် ‌ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Subscribe to