ငပုတောမြို့နယ်၌ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ငပုတော ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ တောင်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ထားထားဦးက မိခင်လောင်းများ အာဟာရပြည့်ဝစွာစားသုံးကြဖို့လိုကြောင်းပြောကြားပြီး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူးဒေါ်မြတ်စုမွန် ကလူ့ဘဝအစ ရက် (၁၀၀၀) အတွင်း အာဟာရနှင့်ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များ ပြည့်မီ၍ကလေးသူငယ်များ၏ ဦးနှောက်နှင့် ခန္ဓာကိုယ်ကောင်းစွာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ငွေကြေးထောက်ပံ့ပေးနေခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ထားထားဦးနှင့် အဖွဲ့ဝင်များ၊လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်မြတ်စုမွန်နှင့်ဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)