ညောင်ဦး ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကျေးလက်လမ်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၂၄ ရက်၊ နံနက် ၉ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ် ဦးလှခိုင်၊ မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ ခရိုင်/မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများသည် ကျောက်ပန်းတောင်းမြို့နယ်အတွင်း ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ ကျပ် ၃၄၅ သန်းဖြင့် ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်းမှ ဒါန့်ကျင်းကျေးရွာ အဝင်လမ်းပေါ်တွင် အရှည် ၁၅၀ ပေ၊ အကျယ် ၂၀ ပေရှိ Box ပါ ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးပြီး အင်ဂျင်နီယာချုပ် ဦးလှခိုင်က လုပ်ငန်းအား သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးအောင်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဒီပါလင်း