လှိုင်းဘွဲမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှု၊ လုံခြုံရေးနှင့်အုပ်ချုပ်ရေးဆောင်ရွက်မည့်အစီအစဉ်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ကျင်းပသည်။