ကမာရွတ်မြို့နယ်၌ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ရှင်းလင်းပွဲနှင့် သရုပ်ပြပွဲကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (ပထမပိုင်း) ကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ရာ ကမာရွတ်မြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ရှင်းလင်းပွဲနှင့်သရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က အမှတ် (၉) ရပ်ကွက် အမှတ် (၂) အခြေခံပညာမူလတန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမြင့်ဝေမှ အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကမာရွတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဦးကောင်းမြင့်သူက ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် မဲရုံမှူးများ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီးခဲ့သည်။
အခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိမ်းလဲ့ (ပြန်/ဆက်)