ကော့သောင်းမြို့တွင် မဲရုံမှူး၊ဒုရဲမှူး၊(အရန်မဲရုံမှူး)နှင့် မဲရုံအဖွဲ့ဝင်တာဝန် အသီးသီး ထမ်းဆောင်မည့်သူများအား လုပ်ငန်းညှိနှိုင်းဆွေးနွေး
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကော့သောင်းမြို့နယ်ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီးရှိ မဲရုံများတွင် တာဝန် ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီအစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။