မြောင်းမြ မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ အခြေခံပညာကျောင်းများ၌ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အချိန်တွင် ကျောင်းသား/ကျောင်းသူများ ရောဂါပိုးမွှားကင်းစင်ပြီး စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ရာတွင် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ ပြည်သူလူထုများ၊ ဆရာဆရာမများ၊ အသင်းအဖွဲ့များက စုပေါင်း၍ ကျောင်းပြန်လည် စတင်ဖွင့်လှစ်မည့်အချိန်တွင် ကျောင်းသား/ကျောင်းသူများ ရောဂါပိုးမွှားကင်းစင်စွာဖြင့် စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းဝန်းအတွင်းအပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်များ၊ ခြုံနွယ်များ ရှင်းလင်းခြင်း၊ ကျောင်းစာသင်ခန်းအတွင်း လှည်းကျင်းသန့်စင်ခြင်း၊ စာသင်ခုံများ စနစ်တကျစီတန်းထားခြင်း များကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အခြေခံပညာ ကျောင်းများတွင် မေလ ၂၃ ရက်နေ့၌ ကျောင်းစတင်အပ်နှံလက်ခံပြီး ဇွန်လ ၁ ရက်နေ့တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်သဖြင့် ကျောင်းသားကျောင်းသူများ ကျောင်းပြန်လည် တက်သည့်အချိန်တွင် စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ယခုကဲ့သို့ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)