အိမ်မဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသပ်ရပ်စွာ ဖွင့်လှစ်နိုင်ရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်း

အိမ်မဲ မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသပ်ရပ်စွာ ဖွင့်လှစ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်(၇)နာရီတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်များမှ အခြေခံပညာကျောင်းများဖွင်းလှစ်ရာ၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ တတ်ရောက်နိုင်ရေးအတွက် သက်ဆိုင်ရာအစုအဖွဲ့အလိုက် ကျောင်းများအသီးသီးတွင် ခြုံနွယ်နှင့် မြတ်များ ရှင်းလင်းခြင်း၊ စုပေါင်းအမှိုက်ကောက်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများဖော်ပေးခြင်း၊ အမှိုက်များကို စနစ်တကျစွန်ပစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

မြို့နယ်ကျန်းမာရေးဦးစီးဌာနမှလည်း အခြေခံပညာကျောင်းများတွင် မိုးတွင်းကာလ ခြင်ပေါက်ပွားမှု မရှိစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် နှင့် အဘိတ်ခတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)