နန်းယွန်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် တွဲဖက်သင်ကြားဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းကို ကျောင်းဖွင့် ရာသီတွင် အချိန်မီဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

နန်းယွန်း မေ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် တွဲဖက်သင်ကြားဖွင့်လှစ်မည့် သက်မွေး ပညာရပ်တစ်ခုဖြစ်သည့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းကို ကျောင်းဖွင့်ရာသီတွင် အချိန်မီဖွင့်လှစ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီး ဦးရှန်ယုန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းဖွင့်လှစ်သင်ကြားရေးနှင့်ပတ်သက်၍ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍတို့ကို စီမံဆောင်ရွက်ထားရှိမှုနှင့် မေလ(၂၃)ရက်နေ့ ကျောင်းဖွင့်ပွဲဆောင်ရွက်နိုင်ရေး စသည့်အခြေအနေများကိုရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးချက်များ အပေါ် တက်ရောက်လာကြသော တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးရှန်ယုန်၊ မြို့နယ်လက်ထောက်ပညာရေးမှူး ဦးဝါးရှမ်း၊ ရပ်မိ၊ ရပ်ဖများ၊ ကျောင်းသားမိဘများ တက်ရောက်ကြောင်း သိရသည်။

ဟန်ကမ်း(နန်းယွန်း)