စမ်းချောင်း မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတော(လယ်)ရပ်ကွက်၊ ဗဟိုလမ်း၊ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပ စေရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာ၌ စမ်းချောင်းမြို့နယ်၊ ကျွန်းတော (လယ်)ရပ်ကွက်၊ ဗဟိုလမ်း၊ အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်းဝန်းအတွင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်း အင်အား (၅၃) ဦးတို့ဖြင့် ကျွန်းတော(လယ်)ရပ်ကွက်၊ ဗဟိုလမ်း၊ အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်းဝန်းအတွင်းရှိ အမှိုက်များရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်သိမ်းခြင်း၊ သွေးလွန်တုပ်ကွေး ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ သောက်သုံးရေကန်များကို အဘိတ်ဆေး ခပ်ခြင်းလုပ်ငန်းများအပြင် မိဘပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အိမ်အပြင်ထွက်တိုင်း Mask တပ်ဆင်ကြရန် Mask များလည်း ဝေငှပေးခဲ့ကြကြောင်း သိရသည်။
နီလာစိုး