မော်လမြိုင်မြို့တွင် စွန့်ပစ်ပစ္စည်းများနှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Sunday Stop လှုပ်ရှားမှုများဆောင်ရွက်

မော်လမြိုင်   မေ    ၂၀

မော်လမြိုင်မြို့တွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီအနေဖြင့် အများပြည်သူ အားလပ်ရက်များတွင် လူစည်ကားသောနေရာများ အပန်းဖြေရာ နေရာများ၌ အစဥ်အမြဲ သန့်ရှင်းသာယာလှပစေရေးအတွက် စွန့်ပစ်ပစ္စည်းများနှင့်ပလတ်စတစ်အမှိုက်များ ကင်းစင်စေရေး ပလတ်စတစ်သုံးစွဲမှုလျှော့ချစေရန် ရည်ရွယ်၍ အားလပ်ရက် လှုပ်ရှားမှုများ စဥ်ဆက်မပြတ် ဆောင်ရွက်မှုများကို ယနေ့နံနက်ပိုင်းက သံလွင်စျေးနှင့် မောင်ငံဈေးအတွင်း Sunday Stop လှုပ်ရှားမှုးများပြုလုပ်ခဲ့သည်။

အဆိုပါ Sunday Stop လှုပ်ရှားမှုတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အမျိုးသမီးရေးရာဌာန၊စက်မှုကြီးကြပ်ဦးစီးဌာန၊ စည်ပင်သာယာရေး၊ ပတ်ဝန်းကျင်ထိန်သိမ်းရေးဦးစီးဌာနစသည့် ဌာနဆိုင်ရာအဖွဲ့အစည်းမှတာဝန်ရှိသူများ စုစုပေါင်းအင်အား (၄၃) ဦးဖြင့်ပါဝင် ဆောင်ရွက်ပြီး အများပြည်သူများအား ပလတ်စတစ် လျှော့ချသုံးစွဲရေးနှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောခြင်းများ ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်