ကေ့ာကရိတ် မေ ၂၀
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင် ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သာယာလှပရေး၊ ကျောင်းဝင်းအတွင်းရှိ ခြုံနွယ်များ၊ အမှိုက်များ၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကေ့ာကရိတ်မြို့နယ် အတွင်းရှိ အထက (ချောင်းတောင်) အခြေခံပညာကျောင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ သန့်ရှင်း ရေးပြုလုပ် ဆောင်ရွက်ခဲ့ ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာဆရာမများက ကျောင်းဝင်းအတွင်းရှိအမှိုက်များ၊ မြက်ပင်များ၊ ခြုံနွယ်များ၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက် ခဲ့ကြသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
ခင်မျိုးဝင်း
ခရိုင် (ပြန်\ဆက်)