တီးတိန် မေ ၂၁
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့နယ် သဘာဝဘေးပြန်လည်ထူထောင်ရေး တာဝန်ခံဗိုလ်မှူးချုပ်ဝင်းကိုကို ရောက်ရှိပြီး အမှတ်(၂၆၉)ခြေလျင်တပ်ရင်းခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက တီးတိန်မြို့ သဘာဝဘေးသင့်ပြည်သူများအား တွေ့ဆုံထောက်ပံ့ပွဲပြုလုပ်သည်။ ရှေးဦးစွာ ဗိုလ်မှူးချုပ်ဝင်းကိုကိုက အမှာစကားပြောကြားပြီး တီးတိန်ခရိုင် အုပ်ချုပ်ရေးမှူးဦးအောင်ချမ်းငြိမ်းက တီးတိန်ခရိုင်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)နှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မုန်တိုင်းဒဏ်သင့် ပြည်သူများအား ဗိုလ်မှူးချုပ်ဝင်းကိုကိုက ထောက်ပံ့ပစ္စည်းများ လက်ဝေပေးအပ်ပြီး သဘာဝဘေးသင့်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ အဆိုပါ သဘာဝ ဘေးသင့်ပြည်သူများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သဘာဝဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
တီးတိန်မြို့၌ အိမ်ထောင်စု(၂၁)စု၊ လူဦး(၁၃၄)ဦး၊ စာသင်ကျောင်း(၃)ကျောင်း၊ သဘာဝဘေးဒဏ်ကျရောက်ကြောင်း သိရသည်။
မိုးမိုး(ဒေါ်ဒိုင်းခန့်ဒိမ့်)