ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းနှင့် ပုဂံကြီးကြပ်ရေးကော်မတီတို့ ပူးပေါင်း၍ ဆေးလိပ်ငွေ့ ကင်းစင် အသိပညာပေးဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊၌ ယမန်နေ့၊ နေ့လယ် ၂ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းနှင့် ပုဂံကြီးကြပ်ရေးကော်မတီတို့ ပူးပေါင်း၍ ဆေးလိပ်ငွေ့ကင်းစင် အသိပညာပေး ဆောင်ရွက်လျက်ရှိသည့်ကိစ္စနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် အဖွဲ့သည် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ချင်းမြောင်) ကျောင်းဆောင်သစ်လွှဲပြောင်းအပ်နှံပွဲ အခမ်း အနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး  အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည်  ယမန်နေ့ နေ့လယ်(၁) နာရီအချိန်က ကြံခင်းမြို့နယ်၊  ကလို့ကွင်းအုပ်စုရှိ  စက်မှု၊စိုက်ပျိုး၊ မွေးမြူရေး အထက် တန်းကျောင်း(ချင်းမြောင်)ကျောင်းဆောင်သစ်အား  ပညာရေးဌာနသို့  လွှဲပြောင်းအပ်နှံပွဲ အခမ်းအနား တက်ရောက်ကြောင်း သိရသည်။

ဒဂုံမြို့နယ်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်းကျင်တွင် သစ်ပင်ပြိုလဲမှုများဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အနောက်ရပ်ကွက်ရှိလွှတ် တော်/တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းကျင်တွင်ယမန်နေ့ ညနေ ၆ နာရီခန့်အချိန်က လေပြင်းတိုက် ခတ်မှုကြောင့်သစ်ပင်ပြိုလဲမှုများဖြစ်ပေါ်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် သွားရောက်မည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များအားတွေ့ဆုံ

အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်ရှိ ပြည်သူများအားလိုအပ်သည့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သွားရောက်မည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များအား တွေ့ဆုံခြင်းကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်မီးသတ်ဦးစီးဌာန၊ ဗဟိုမီးသတ်စခန်း၌ ကျင်းပသည်။

မြန်မာစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်(MYANWEN)နှင့် ဧရာဝတီဘဏ်(AYA Bank) တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

MYANWEN နှင့် AYA Bank တို့မှအမျိုးသမီးများဦးဆောင်သော MSME အသေးစား၊ အငယ်စား၊အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် နားလည်မှု စာချွန်လွှာ (MOU) ကို ယမန်နေ့နံနက်ပိုင်းတွင် ကုန်သည်စက်မှု အသင်းချုပ်ခန်းမ၌ လက်မှတ် ရေးထိုးခဲ့ကြသည်။

မိုခါမုန်တိုင်းကြောင့် ဂွမြို့နယ်အတွင်း  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ဦးစီးသောအဖွဲ့က ဆန်၊ ဆီနှင့်သွပ်များ ထောက်ပံ့

ရခိုင်ပြည်နယ်တွင် အလွန်အားကောင်းသော မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့်  ဂွမြို့နယ်အတွင်း  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်  ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ဦးစီးသောအဖွဲ့က ယမန်နေ့နံနက် ၉နာရီအချိန်က ကျိန္တလီမြို့၊ ကျောက်ခေါင်းကွင်း ကျေးရွာရှိ အ.မ.ကကျောင်းအား သွပ်များထောက်ပံ့ခဲ့ပြီး  နံနက်၁၀နာရီ ၅၀မိနစ်တွင် ဂွမြို့၊ ရွှေဦးကွင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းအတွက်  ဆန်နှင့် ဆီများ ထောက်ပံ့ပေးအပ်မှုများ ပြုလုပ်ခဲ့ကြသည်။

ဒိုက်ဦးမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုဝင်များထံ ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေး ပစ္စည်းများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင် ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း(၁၉.၅.၂၀၂၃)ရက်နေ့တွင်  ဖြစ်ပွားခဲ့သော  လေပြင်းတိုက်ခတ်မှုကြောင့် ရွှေအင်ဒုံကျေးရွာအုပ်စု၊ ဖအောင်းစုကျေးရွာအုပ်စု၊ စက်ကွင်းရပ်ကွက်၊ မင်းတဲရပ်ကွက်၊ အင်းသဇင် ကျေးရွာအုပ်စု၊ ပျဉ်းမလွင်ကျေးရွာအုပ်စု၊ ကမာဖရုံ ကျေးရွာအုပ်စု၊ ကတုတ်ရွာမကျေးရွာအုပ်စု၊ ကံကလေးကျေးရွာအုပ်စု၊ ဆင်စခန်း

မကွေးတိုင်းဒေသကြီးမှ ကင်းထောက်လူငယ်အဖွဲ့ ဇေယျာသီရိမြို့နယ်အတွင်းရှိ စစ်သမိုင်းပြတိုက်နှင့် ဆာဖာရီဥယျာဉ်သို့လာရောက်လေ့လာ

ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ စစ်သမိုင်းပြတိုက်နှင့် ဆာဖာရီဥယျာဉ်သို့ မ‌ကွေးတိုင်းဒေသကြီးမှ ကင်းထောက်လူငယ်အဖွဲ့ ယမန်နေ့မွန်းလွဲပိုင်းတွင် လာရောက်လေ့လာခဲ့သည်။

ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျေးရွာများသို့ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးဖြင့် အခမဲ့ ကွင်းဆင်းကုသ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စုသို့ တိုင်းရင်းဆေးပညာဦးစီးဌာန၊ နေပြည်တော်ခုတင်(၁၀၀)တိုင်းရင်းဆေးရုံကြီးမှ တိုင်းရင်းဆေးဖြင့် ယနေ့မွန်းလွဲပိုင်းက အခမဲ့ကွင်းဆင်းကုသပေးခဲ့သည်။

ဗိုလ်မှူးချုပ် ကျော်ကျော်ဦးနှင့်တာဝန်ရှိသူများ မာန်အောင်မြို့နယ် အတွင်းရှိ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသည့် စာသင်ကျောင်းများအားကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းမိုခါ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် စာသင်ကျောင်း များအား ပြန်လည် ထူထောင်နိုင်ရေးအတွက် နိုင်ငံတော်မှ မာန်အောင်ဒေသကို အနီးကပ် ကြီးကြပ်နိုင်ရန် တာဝန်ပေးခံရသည့် ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် ခရိုင်နှင့်မြို့နယ် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်၈နာရီခွဲက မာန်အောင်ကျွန်း ပတ်လမ်း တစ်လျှောက်ရှိ စာသင်ကျောင်းများအား သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့သည်။
Subscribe to