ကမမောင်းမြို့၌ စာရေးဆရာ ကျော်ကျော်လှိုင်၏ ပျော်ရွှင်ခြင်း  စာအုပ်အား စာဖတ်ဝိုင်းကျင်းပ

ကမမောင်း မေ ၂၁

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် စာရေးဆရာ ကျော်ကျော်လှိုင်     ရေးသား ထားသော ပျော်ရွှင်ခြင်း စာအုပ်ဖြင့် ယမန်နေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌    စာဖတ်ဝိုင်း   ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက် ထောက်-၃(အင်အားပြ) ဒေါ်တင်တင်လှက ပြည်သူများအနေဖြင့် အသိပညာဗဟုသုတ  ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့်စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ် ဝိုင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး စာဖတ်ဝါသနာရှင်တစ်ဦး က မိမိဘဝကို တိုးတက်အောင် နေ့စဥ်အကောင်းဆုံး     ကြိုးစားခြင်း၊        ကိုယ်ချင်းစာတရား လက်ကိုင်ထားခြင်း၊ အများအကျိုးကိုဆောင်ရွက်ခြင်းတို့သည် ပျော်ရွှင်မှု အများဆုံးပေး နိုင်သော အရာများဖြစ်ကြောင်း၊ အောင်မြင်သူတိုင်း ပျော်ရွှင်နိုင်မည်မဟုတ်ကြောင်း၊ ပျော်ရွှင် နေသူတိုင်းကတော့ အောင်မြင်သူများကြောင်း၊ ပျော်ရွှင်မှုသည် အသက်ကြီးတာငယ်တာ နှင့်မဆိုင်၊ မိမိစိတ်ဓာတ်နှင့်သာဆိုင်ကြောင်း၊ ပျော်ရွှင်မှုဆိုတာ အခက်အခဲမရှိတာ      မဟုတ်၊ အခက်အခဲကိုအောင်မြင်အောင်     ကျော်ဖြတ်ခြင်းဖြစ်ကြောင်း၊ ပျော်ရွှင်ချင်ရင် လောကကြီး က တရားတယ်၊ မတရားတယ် စဥ်းစားမနေဘဲ  မိမိဘဝကိုသာ အကောင်းဆုံးလုပ်သင့်ကြောင်းစသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

ထို့နောက် တက်ရောက်လာသော စာဖတ်ဝါသနာရှင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ် ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်းသိရှိရသည်။

သန့်ဇင်(ကမမောင်းပြန်/ဆက်)