စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ​ရွှေဘိုမြို့၌ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့်တွေ့ဆုံ ထောက်ပံ့ပစ္စည်းများ ပေးအပ်၊​ ဆေးကုသ​နေသည့်ပြည်သူများအား​တွေ့ဆုံအား​ပေးစကား​များပြောကြား

​ရွှေဘို မေ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက်  မေလ ၂၀ရက်နေ့၊ နံနက်ပိုင်းတွင်​ရွှေဘိုခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့​ကြောင်းသိရသည်။

ရှေးဦးစွာ   တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ​ရွှေဘိုခရိုင်/ မြို့နယ်များအတွင်းရှိ ဒေသခံပြည်သူများအတွက် စိုက်ပျိုး ရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်အောင်ဆောင်ရွက်ပေးနေမှုနှင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအတွက် အလေးအနက်ထားကာ ဆောင်ရွက်ပေး​နေမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက်​ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက ခရိုင်အတွင်းရှိ မြို့နယ်များ၏ ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က က​ရွှေဘိုခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများထံ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်းစီအား ထောက်ပံ့ပေးအပ်ခဲ့ပြီး တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် ကာတွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်​ရွှေဘိုမြို့​တော်ခန်းမအတွင်း  ​ဆေးကုသ​ပေး​နေသည့် တပ်မ​တော်နယ်လှည့်​အထူးကု​ဆေးအဖွဲ့အား​​တွေ့ဆုံကာ တိုင်း​ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်​ကျော်မှ​ ငွေကျပ်၅၀သိန်း၊ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်မှ​ငွေကျပ်၁၀သိန်းစီအား ထောက်ပံ့ပေးအပ်ကာလိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်​ပေးခဲ့ပြီး​ ဆေးကုသမှုခံယူ​နေသည့်ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အား​ပေးစကားများ​ပြောကြားကာ မျက်မှန်၊​ဆေးဝါး၊ ဓါတ်စာများ​ ထောက်ပံ့​​ပေးအပ်ခဲ့​ကြောင်း သိရသည်။

ခရိုင် (ပြန်/ ဆက်)