ပျဉ်းမနား မေ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ပိုးလောက်လန်းသေ (Abate) ဆေးခပ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မဲပေါက်အုပ်စု၊ ဂမုန်းတောင်ကျေးရွာ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးခြင်းကို ပျဉ်းမနားမြို့နယ် ကုတင် ၂၀၀ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဘက်စုံသားဖွားဆရာမ ဒေါ်တင်နီလာအောင်၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် - ၂ ဒေါ်စန်းသီတာအောင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက မဲပေါက်အုပ်စု၊ ဂမုန်းတောင်ကျေးရွာအတွင်းရှိ ရေလောင်ကန်များ၊ ရေစည်၊ ရေအိုးများ၊ ဘုရားပန်းအိုးများနှင့် ခြင်ပေါက်ဖွားနိုင်သော နေရာများကို လိုက်လံစစ်ဆေးခဲ့ပြီး ပိုးလောက်လန်းသေ (Abate) ဆေးခပ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်၍ ရေကိုအသုံးပြုသွားရန်နှင့် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)