ကမာရွတ် မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်းသိရသည်။
စာဖတ်ဝိုင်းတွင် ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စိမ်းလဲ့က ပြည်သူများအနေဖြင့် အားလပ်သောအချိန်များတွင် စာအုပ်စာပေများ လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်စာပေများဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာပြီးအမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်စေရေအတွက် စာဖတ်ဝိုင်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် Book Club အဖွဲ့ဝင်များက စာရေးဆရာ ရဲသျှမ်းနှင့်စာရေးဆရာများ ရေးသားသည့်
" Smart လူငယ်အနာဂတ်လူငယ် " စာအုပ်မှ မိမိဘဝတိုးတက်အောင် နေ့စဉ်အကောင်းဆုံး ကြိုးစားခြင်း ကိုယ်ခြင်းစာတရားလက်ကိုင်ထားခြင်း၊ အများအကျိုးကိုဆောင်ရွက်ခြင်းတို့သည် ပျော်ရွှင်မှုအများဆုံးပေးနိုင်သည့်အရာများဖြစ်ကြောင်း၊ အောင်မြင်သူတိုင်းပျော်ရွှင်မှပျော်ရွှင်ပါမည် သို့သော် ပျော်ရွှင်သူတိုင်းအောင်မြင်ကြကြောင်း၊ ပျော်ရွှင်မှုသည်အသက်ကြီးတာနှင့်ငယ်တာမဆိုင်၊ မိမိစိတ်ဓာတ်နှင့်သာဆိုင်ကြောင်း၊ ပျော်ရွှင်မှုဆိုတာအခက်အခဲမရှိတာမဟုတ်၊ အခက်အခဲကို အောင်မြင်ကျော်ဖြတ်ခြင်းဖြစ်ကြောင်း၊ ပျော်ရွှင်ချင်ရင်လောကကြီးက တရားတယ်၊ မတရားတယ် စဉ်းစားမနေသင့်ကြောင်း မိမိဘဝကိုသာအကောင်းဆုံးလုပ်ရန်လိုအပ်ကြောင်း၊ ပျော်ရွှင်မှုကို ဖြစ်စေသည့် အတွေးအခေါ်များပိုင်ဆိုင်ပြီး ဘဝကိုအောင်မြင်စွာဖြတ်သန်းကြစေလိုကြောင်း ဝိုင်းဝန်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
စိမ်းလဲ့ (ပြန်/ဆက်)