မန္တလေး မေ ၂၁
Myanmar Brilliance Auto Co.,Ltd ၏ EV Charging Station ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၆၆ လမ်း၊ ၁၄လမ်းထောင့်၊ မန္တလေးကျုံး အရှေ့ဘက်တွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် စိန်လွင်(တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး)၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊မန္တလေးတိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်၊ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဝဏ္ဏဇော်နှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ Myanmar Brilliance Auto Co Ltd မှ Managing Director ဦးခင်မောင်စန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ Myanmar Brilliance Auto Co Ltd မှ Managing Director ဦးခင်မောင်စန်း က EV Charging Station ဖွင့်လှစ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ EV Charging Station အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဖြစ်ကြသော လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် စိန်လွင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဝဏ္ဏဇော်နှင့် ကုမ္ပဏီမှတာဝန်ရှိပုဂ္ဂိုလ်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး EV Charging Station ဆိုင်းဘုတ်အား ဝန်ကြီးချုပ်ဦးမျိုးအောင်က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ EV Charging Station အား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။
မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)