စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show   ဆောင်ရွက်

စဉ့်ကိုင် မေ ၂၁

နွေရာသီကာလအပူရှိန်မြင့်တက်လာမှုကြောင့် ကျန်းမာရေးထိခိုက်မှုများဖြစ်ပေါ်နိုင်သည့်အတွက် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ(၃)နာရီက လူထုအခြေပြုဗဟိုဌာနတွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ  Talk Show ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်၀င်း၀င်းသန်းက မြန်မာနိုင်ငံတွင် ၂၀၁၄ခုနှစ်က အပူချိန်အများဆုံး စံချိန်တင်နိုင်ခဲ့ပြီး အပူချိန်မှာတစ်နှစ်ထက်တစ်နှစ် နေ့အပူချိန်များ မြင့်တက်လာခြင်း၊ ခရမ်းလွန်ရောင်ခြည် မြင့်မားလာသည့်အတွက် ပြည်သူများ အပူဒဏ်ကိုပြင်းစွာခံစားလာရမှုကြောင့် ကျန်းမာရေးထိခိုက်မှုများ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိရာ အပူဒဏ်များ ကာကွယ်နိုင်ရေးနည်းလမ်းများကို ပြည်သူများသိရှိစေရန်ရည်ရွယ်၍   မိုးလေ၀သမှထုတ်ပြန်သော သတင်းများ၊ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်နေသောသတင်းများ အသိပညာပေးTalk Show  များ ကျင်းပ၍ Wa Love Sintgaing Page နှင့် စဉ့်ကိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Pageများတွင် အချိန်နှင့်တစ်ပြေးညီ ထပ်ဆင့်မျှဝေအသိပညာပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ခင်ဆန်းက ခရမ်းလွန်ရောင်ခြည်၏ အဓိပ္ပာယ်အပူချိန်မြင့်တက်လာခြင်း၏ဆိုးကျိုးများ၊ အထူးသတိပြုရမည့်အချက်များ၊ လိုက်နာဆောင်ရွက်ရန်အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များကို အကျယ်တ၀င့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)