မိုးညိုမြို့နယ် ကျန်းမာ‌ရေးဦးစီးဌာနမှ မြောက်လွတ်ကုန်းကျေးရွာသို့ ကျန်းမာ‌ရေးစောင့်ရှောက် မှုများကွင်းဆင်း‌ဆောင်ရွက်

မိုးညို မေ ၂၁

ကျန်းမာရေးဝန်ကြီးဌာန၏ ကျေးလက်ဒေသအောက်‌ခြေထိကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်း၊ ရောဂါဖြစ်ပွားလျှင် ထိ‌ရောက်စွာကုသမှုပေးခြင်း စသည့်ရည်မှန်းချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မေလ ၂၁ ရက်‌၊နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများက မြောက်လွတ်ကုန်း ‌ကျေးရွာရှိဘုန်း‌တော်ကြီး‌ကျောင်းဓမ္မာရုံ၌‌ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများကွင်းဆင်း‌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ကျေးရွာနေပြည်သူများအား ကျန်းမာ‌ရေးစောင့်ရှောက်မှုများ‌ ဆောင်ရွက်‌ပေးရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာကျော်မိုးက မကူးစက်တတ်‌သောရေဂါများအကြောင်းနှင့် ကူးစက်တတ်သောရောဂါများအကြောင်း၊ အဓိကအားဖြင့် မိုးဦးကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် သွေးလွန်တုပ်ကွေးနှင့်ပတ်သက်သည့် ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်ရေးနှင့်ကုသရေးဆိုင်ရာများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးရှင်းလင်းပြောကြားသည်။ ထို့‌နောက် မြို့နယ်ဆရာဝန်ကြီး၏ဦး‌ဆောင်မှုဖြင့် ပတ္တော်ကျေးရွာအုပ်စု တိုက်နယ်ဆရာဝန် ဒေါက်တာသူရထက်ခေါင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးလာရောက်ပြသသူများအား ကိုယ်အလေးချိန်နှင့်အရပ်တိုင်းတာ‌ပေးခြင်း၊ ဆီးချိုသွေးချိုတိုင်းတာ‌ပေးခြင်း၊ သွေးပေါင်ချိန်ခြင်းများပြုလုပ်‌ပေးပြီး လိုအပ်သောဆေးဝါးနှင့် ကုသခြင်းများကို(အခမဲ့) စစ်ဆေးကုသ ဆောင်ရွက်ပေးခဲ့‌ကြောင်းသိရသည်။                                    

ကိုမင်း(ပြန်/ ဆက်)