ညောင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် သဲနှုန်းများတင်နေသည့် နေရာ များအား စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများမှရှင်းလင်းဖယ်ရှား 

ညောင်ဦး  မေ  ၂၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်း၊ မြောင်း၊ လမ်းများတွင်မိုးရေများစီးဆင်းခဲ့မှုကြောင့် သဲနှုန်းများတင်နေသည့် နေရာများအား ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မေ ၁၇ ရက်နေ့မှစတင်ရှင်း လင်းလျက်ရှိရာရှင်းလင်းမှု ရာခိုင်နှုန်း ၉၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ညောင်ဦးမြို့ နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးရဲနိုင်ထံက သိရသည်။

ညောင်ဦးမြို့နယ်တွင် မိုခါမုန်တိုင်း၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး သစ်ပင်ကြီး၊သစ်ပင်ငယ်များ၊ လျှပ်စစ်ဓာတ်တိုင်များ၊ ရှေးဟောင်းအဆောက်အအုံများ ပျက်စီးမှုရှိခဲ့ပြီး မြို့အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကတ္တရာလမ်းများပေါ်ဖြတ် သန်းစီးဆင်းသည့် ချောင်း၊မြောင်းမှရေများစီးဆင်းခဲ့ကာ သဲနှုန်းများအမြောက်အများတင် ကျန်လျှက်ရှိရာ ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများသည် စက်ယန္တ ယားများအသုံးပြုလျှက် တင်ကျန်ရစ်သောသဲနှုန်းများအား ကုတ်ခြစ်ဖယ်ရှားရှင်းလင်းခဲ့ရာ ရှင်းလင်းပြီးစီးမှု ၉၅ ရာခိုင်နှုန်းပြီးစီးခဲ့ပြီဖြစ်ကြောင်းသိရသည်။သဲနှုန်းများတင်ကျန် ခဲ့သည့်နေရာများဖြစ်သော မဏိစည်သူဈေးအနီး ဒါနဘဏ်ရှေ့၌လည်းကောင်း၊ ညောင် ပင်အဝိုင်းပတ်သဲနှုန်းတင်နေသည့်နေအားလည်းကောင်း၊ မီးသတ်ချောင်းသဲနှုန်းတင်နေ သည့်နရာများအား ညောင်ဦးမြို့ စည်ပင်သာယာရေးအဖွဲ့မှ စက်ယန္တယားများဖြင့်ရှင်း လင်းပေးခဲ့ရာ ၉၅ ရာခိုင်းနှုန်းကျော်ရှင်းလင်းပြီးဖြစ်ကြောင်းသိရသည်။

ဒီပါလင်း (ပြန်/ ဆက်)