စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်

စဉ့်ကိုင် မေ ၂၁

နွေရာသီကာလ အပူရှိန်မြင့်တက်လာမှုကြောင့် ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်နိုင်သည့်အတွက် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာတို့ပူးပေါင်း၍   ယမန်နေ့ မွန်းလွဲ(၃)နာရီက  လူထုအခြေပြုဗဟိုဌာနတွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ  Talk Show   ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်၀င်း၀င်းသန်းက မြန်မာနိုင်ငံတွင် ၂၀၁၄ခုနှစ်က အပူချိန်အများဆုံ စံချိန်တင်နိုင်ခဲ့ပြီး အပူချိန်မှာတစ်နစ်ထက်တစ်နှစ် နေ့အပူချိန်များမြင့်တက်လာခြင်း၊ ခရမ်းလွန်ရောင်ခြည် မြင့်မားလာသည့်အတွက် ပြည်သူများအပူဒဏ်ကို ပြင်းစွာခံစားလာရမှုကြောင့် ကျန်းမာရေးထိခိုက်မှုများ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျှက်ရှိရာ အပူဒဏ်များကာကွယ်နိုင်ရေး နည်းလမ်းများကို ပြည်သူများသိရှိစေရန် ရည်ရွယ်၍   မိုးလေ၀သမှ ထုတ်ပြန်သောသတင်းများ၊ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်နေသောသတင်းများ အသိပညာပေး Talk Show များ ကျင်းပ၍  Wa Love Sintgaing Page နှင့် စဉ့်ကိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Page များတွင် အချိန်နှင့်တပြေးညီ ထပ်ဆင့်မျှဝေအသိပညာပေးလျှက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာဥက္ကဌ ဒေါ်ခင်ဆန်းက  ခရမ်းလွန်ရောင်ခြည်၏  အဓိပ္ပာယ် အပူချိန်မြင့်တက်လာခြင်း၏ဆိုးကျိုးများ၊ အထူးသတိပြုရမည့်အချက်များ၊ လိုက်နာဆောင်ရွက်ရန် အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များကို အကျယ်တ၀င့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)