ရသေ့တောင်မေ ၂၀
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် အနီးကပ်အကြံပေး ဗိုလ်ချုပ်အောင်မျိုးထွန်း၊ ဗျူဟာမှူး၊ မစဖအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများဖြင့် ထောက်ပံ့ပစ္စည်းများပေးအပ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်မည့် လုပ်ငန်းများအား ညှိနှိုင်းဆောင်ရွက်သည့် အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ Command post ရုံးခန်းတွင် ၁၈.၅.၂၃ ရက်နေ့မှစ၍ နေ့စဥ်ညနေ ၄ နာရီ ၃၀ တွင်ပုံမှန်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ညနေကလည်း ညှိနှိုင်းစည်းဝေးဆောင်ရွက်ကြသည်။
ရှေးဦးစွာ အနီးကပ်အကြံပေး ဗိုလ်ချုပ်အောင်မျိုးထွန်း ကကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျစီစဉ်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းဖွဲ့များ ပူးပေါင်းကာဆောင်ရွက်ပေးသွားမှာဖြစ်ပြီး လိုအပ်ချက်များရှိပါက တင်ပြဆွေးနွေးကြရန် ပြောကြားခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဉက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် သက်ဆိုင်ရာကော်မတီဝင်ဌာနဆိုင်ရာများက ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ရသေ့တောင် (ပြန်/ဆက်)