ဂွ မေ ၂၂
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ဂွမြို့နယ်၊ ကြွေချိုင်ကျေးရွာတွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးများ ပျက်စီးခဲ့သည့် အခြေခံပညာအလယ်တန်းကျောင်းနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲတို့အတွက် သွပ်များနှင့် သွပ်သံများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထိုသို့ထောက်ပံ့ရာတွင် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် အမိုးများပျက်စီးခဲ့သည့် ကြွေချိုင်ကျေးရွာရှိ အခြေခံ ပညာအလယ်တန်းကျောင်းနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲတို့အတွက် ပြန်လည်ပြုပြင်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် သွပ်(၇ပေ×၃ပေ) (၁၂၀)ချပ်နှင့် သွပ်သံ(၂)ပိဿာတို့အား သက်ဆိုင်ရာတာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်