ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းက စတင်၍ ပင်စင်စားများ၏ လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကလိန်အောင်မြို့တွင် ယခုနှစ် ရာသီပေါ်ထွက်ရှိသည့်ပတ္တမြားငမောက် သရက်သီး‌  ဈေးကောင်းရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် ရာသီပေါ်ထွက်ရှိသည့် ပတ္တမြားငမောက် သရက်သီးမှာ မနှစ်ကထက် ဈေးကောင်းရရှိ၍  အဆင်ပြေကြကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။

ဘုတ်ပြင်းမြို့၌ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် မိုးကြိုကာလ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် မိုးကြိုကာလ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်က အောင်မင်္ဂလာရပ်ကွက်ရှိ အတုလာအဓိပတိ ရွှေသာလျောင်း ဘုရားရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာ့အီးဗီခရီးအစနှင့် ရွှေရောင်မွန်ပြည်နယ်အနာဂတ်ဆွေးနွေးပွဲသို့ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့်တိုင်းမှူး တက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့ချနိုင်ရေးနှင့် လောင်စာဆီသုံးစွမ်းအင်များ ချွေတာနိုင်ရေးအတွက် လျှပ်စစ်စွမ်းအင်သုံး အီးဗီ(EV) မော်တော်ယာဉ်များ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန်ရည်ရွယ်၍ “မြန်မာ့အီးဗီခရီးအစနှင့်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့တွင် နောင်တောင်းဗုဒ္ဓကောလိပ် ဒီပလိုမာဘွဲ့ လက်မှတ်ပေးအပ်ခြင်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နောင်တောင်း ဗုဒ္ဓကောလိပ် ဒီပလိုမာဘွဲ့လက်မှတ်ပေးအပ်ခြင်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ပြုလုပ်ခဲ့သည်။

ဆဌမအကြိမ်မြောက် အငြိမ်းစားဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်မှစတင်၍ အငြိမ်းစားဝန်ထမ်းဟောင်းများအတွက် အခမဲ့ဆေးခန်းဖွင့်လှစ် ကုသစစ်ဆေးပေးခဲ့ရာ ယနေ့နံနက်ပိုင်းက ဆဌမအကြိမ်မြောက် အငြိမ်းစားဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်ပေးကြောင်း သိရသည်။

တံတားဦးမြို့ သမိုင်းဝင်မဟာမင်္ဂလာစေတီဘုရားကြီး၏(၄၁) ကြိမ်မြောက် ဆွမ်းဆန်တော် လောင်းလှူပွဲစည်းကားသိုက်မြိုက်စွာကျင်းပမည်

ကျောက်ဆည်ခရိုင် တံတားဦးမြို့ အမှတ်(၂)ရပ်ကွက်ရှိ သမိုင်းဝင် မဟာမင်္ဂလာစေတီဘုရားကြီး၏ (၄၁) ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကို ယခုနှစ် နယုန်လပြည့်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် အဆိုပါဘုရားစောင်းတန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ် ကြောင်းသိရသည်။

ကျိုက်လတ်၌ ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ စီစဥ်မှုဖြင့် ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ဆူးဂဏန်းကျေးရွာအုပ်စု၊ ကျိုက်လတ်-မအူပင်ကားလမ်းမကြီးဘေး၊ မိုင်တိုင်(၁၄/၇)မိုင်တွင် ယနေ့နံနက် (၇)နာရီခွဲခန့်က ကျင်းပခဲ့သည်။

တံတားဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ ကျပန်းစကားပြောပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာတို့ ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ(၂)နာရီက တံတားဦး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျပန်းစကားပြောပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပကြောင်း သိရသည်။

ပန်းတနော်မြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

သဘာဝပတ်ဝန်းကျင် သာယာလှပစိမ်းလန်းရေး၊ ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းဖို့ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့ ခေါင်းစဥ်နှင့်အညီ မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့ အ.ထ.က (၁) ကျောင်းဝန်းအတွင်း ​ပြုလုပ်ခဲ့သည်။
Subscribe to