ရသေ့တောင် မေ ၂၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းမှာ အားအလွန်ပြင်းသဖြင့်ထိခိုက်ပျက်စီးမှုများခဲ့ပြီး၊ မုန်တိုင်းကြောင့် မြို့ပေါ်တွင်လည်း အပျက်အစီးများခဲ့ရာ ပဲခူးတိုင်းဒေသကြီး မီးသတ်တပ်မှဖွဲ့ ရှာဖွယ်ကယ်ဆယ်ရေး အဖွဲ့များမှ လမ်းအလိုက် သစ်ပင် သစ်ခတ်များ ခုတ်လှဲဖယ်ရှားခြင်းများဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ကြရာ ကျန်ရှိခဲ့သည့် အမှိုက်သရိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်မအေးသန်း ဦးဆောင်၍ စည်ပင် ဝန်ထမ်းများမှ အမှိုက်များအားစနစ်တကျ ကားကြီးများဖြင့် ဖယ်ရှားဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းက ချောင်းဝ ရပ်ကွက်ရှိ မေဎဝဒီလမ်းတွင် သိမ်းဆည်းဆောင်ရွက်ခဲ့ကြသည်။
ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းမှာ အားအလွန်ပြင်းပြီး ထိခိုက်ပျက်စီးမှုများခဲ့သဖြင့် တစ်မြို့နယ်လုံးနီးပါး ထိခိုက် ပျက်စီးခဲ့ရာ ရာခိုင်နှုန်းအားဖြင့် ၉၈ ရာနှုန်းထိ ခိုက်ပျက်စီးခဲ့ရာ အမှိုက်သရိုက်များအား မြို့နယ်စည်ပင်မှ နေ့စဥ်လိုက်လံ သိမ်းဆည်းခြင်၊ မီးရှို့ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရသေ့တောင်(ပြန်/ဆက်)