သံတွဲမြို့၌ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

သံတွဲ မေ ၂၂

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန် နှင့်အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်သူဇာမြင့်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သံတွဲမြို့နယ်၊ ခြံပြင်ကျေးရွာနှင့် ခရမ်းမော်ကျေးရွာများရှိ လေဘေးသင့် ပြည်သူများထံ  သွားရောက်၍ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ရာတွင် ခြံပြင်ကျေးရွာရှိ အိမ်ထောင်စု(၂)စုအတွက် ဆန်နှင့်အိမ်ဆောက်ပစ္စည်းများ ဝယ်ယူနိုင်ရန် ထောက်ပံ့ငွေ (၉၄၇၀၀)ကျပ်၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း ပြန်လည်ပြုပြင်ရန် ထောက်ပံ့ငွေ (၉၀၀၀၀)ကျပ်၊ ခရမ်းမော်ကျေးရွာရှိ အိမ်ထောင်စု(၁၀)စုအတွက် ဆန်နှင့်အိမ်ဆောက်ပစ္စည်းများဝယ်ယူနိုင်ရန် ထောက်ပံ့ငွေ (၄၆၇၂၀၀) ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၁)ကျောင်း ပြန်လည်ပြုပြင်ရန်ထောက်ပံ့ငွေ (၉၀၀၀၀)ကျပ်၊ စုစုပေါင်း ငွေကျပ် (၇၄၁၉၀၀) တိတိအား လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)