စမ်းချောင်း မေ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ၂၀-၅-၂၀၂၃ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းကျရောက်မှုကြောင့် ဓါတ်တိုင်များလဲပြိုပြီး လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီးပြတ်တောက်မှုအား အရေးပေါ်ပြုပြင်မှုများကို ၂၀ ရက်နေ့ညမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါရာခိုင်နှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ယမန်နေ့က ရှင်စောပုလမ်းနှင့်ဝေဠုဝင်အနောက်မြေနီကုန်းလမ်းထောင့်တွင် ဓါတ်တိုင်တစ်တိုင်၊ ကျွန်းတောလမ်းနှင့်ဇေယျသုခလမ်းထောင့်တွင် တစ်တိုင်၊ ဟင်္သာတလမ်း MRTV ရုံးနားတွင် တစ်တိုင်ကျိုးကျပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၈၃.၅သန်းခန့်ဖြစ်ကြောင်း စမ်းချောင်းမြို့နယ်လျှပ်စစ်မန်နေဂျာဦးသန်းဦးထံမှ သိရှိရသည်။ ယခုအခါမီးတိုင်များအစားထိုးလဲလှယ်ပြီးဖြစ်၍ လျှပ်စစ်ဓါတ်အားကို ပုံမှန်အတိုင်းပြန်လည်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရသည်။
အေးလင်း