ရှမ်းရွာသစ်မြို့တွင် နာနတ်သီးများ ပေါ်ချိန်ဖြစ်၍ မိသားစုအပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည့် တောင်ပေါ်ဒေသဖြစ်၍ ဒေသနေပြည်သူအများ စုသည် တောင်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် တစ်ပိုင်တစ်နိုင် ဥယျာဉ်ခြံမြေများတွင် နာနတ်ပင်များ စိုက်ပျိုးထားရာ ယခုအချိန်သည် နာနာသီးများ ရင့်မှည့်ချိန်ဖြစ်၍ ခူးယူရောင်းချသူများ အပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။

ဟုမ္မလင်းမြို့၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီးအကြိုကာလ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီအချိန်က ဟုမ္မလင်း ဝိဇ္ဇာ/သိပ္ပံ ကောလိပ်ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိန္တလီမြို့၌ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာငွေများ စနစ်တကျ ထုတ်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပင်စင်စားအငြိမ်းဝန်ထမ်းများအတွက် ပင်စင်လစာများ ထုတ်ပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအတွက် ပင်စင်လစားများ ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်၌ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသ၌ ပျားဖွတ်ရာသီမပြီးဆုံးမှီ ပျားရည်များ ဈေးနှုန်းကျဆင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအများအပြားတွင် ပျားဖွတ်ရာသီ ကာလမပြီးဆုံးမှီ မိုးရွာသွန်းမှုရှိခဲ့ခြင်း၊ မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ် မိုးကြီးမှုများ ဖြစ်ပေါ်ခဲ့ခြင်း၊ မုန်တိုင်းအလွန်တွင်လည်း မိုးဆက်လက်ရွာသွန်းခဲ့မှုများကြောင့် မိုးစဲပြီးနောက်ပိုင်း ထွက်ရှိသော ပျားရည်များ ဈေးနှုန်းကျဆင်းသွားကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကျင်းပ

ကျောင်းသား ကျောင်းသူ ကလေးငယ်များအား အခြေခံဗုဒ္ဓဘာသာသိမှတ်ဖွယ်ရာ အကြောင်းအရာများနှင့် ယဉ်ကျေးလိမ္မာစွာ ပြောဆိုပေါင်းသင်းဆက်ဆံ တတ်စေရေးအတွက် နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ် ကြီးမြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ မဏိရတနာ မြို့မကမ်းနားကျောင်း၌ ပြုလုပ်ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၃-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့ နံနက်(၈)နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ကျောင်းဝင်း အတွင်း၌ ၂၀၂၃-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အား ကျင်းပသည်။

ကျွန်းလှမြို့နယ်၌ တန်ဖိုးသင့်စားသောက်ကုန်များ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအား တန်ဘိုးသင့်စားသောက်ကုန်များ ပြင်ပပေါက်ဈေးထက် ဈေးနှုန်း သက်သာစွာ ဝယ်ယူ နိုင်ရန်အတွက် ယနေ့ နံနက် ၆ နာရီက ပိတောက်မြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၉) နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to