မိုးမိတ်မြို့နယ်တွင် မကြာခင်ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မိုးမိတ် မေ ၂၂

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းများပြန်လည်ဖွင့်လှစ်တော့မှာဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ကျောင်းတက်ပညာသင်ယူနိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၇ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများတို့ကစုပေါင်း၍ စာသင်ကျောင်းခန်းများရှင်းလင်းခြင်း၊ ကျောင်းပတ်ဝန်းကျင်သာယာလှပရေးနှင့် စာသင်ခန်းများသန့်ရှင်းပြီး လေဝင်လေထွက်ကောင်းမွန်စေရေးတို့အတွက် ဖုန်၊ သဲမှုန်းများလဲကျင်းဆောင်ရွက်ခြင်း၊ ခြုံနွယ်မြက်ပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များ ကောက်ယူစွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စည်သူဌေး (ခရိုင်ပြန်/ဆက်)