ဘုတ်ပြင်းမြို့၌ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် မိုးကြိုကာလ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ဘုတ်ပြင်း မေ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် မိုးကြိုကာလ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်က အောင်မင်္ဂလာရပ်ကွက်ရှိ အတုလာအဓိပတိ ရွှေသာလျောင်း ဘုရားရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်သင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ပျိုးပင်များပေးအပ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက မန်ဂျာရှားပျိုးပင်(၁၀၀)ပင်၊ ပျဉ်းကတိုး(၁၅၀)ပင်၊ ခရေပျိုးပင် (၁၅၀)ပင်၊ စိန်ပန်း(၁၀၀)ပင် ပျိုးပင်စုစုပေါင်း(၅၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

(ပြန်/ဆက်)