ပန်းတနော်မြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပန်းတနော် မေ ၂၂

သဘာဝပတ်ဝန်းကျင် သာယာလှပစိမ်းလန်းရေး၊ ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းဖို့ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့ ခေါင်းစဥ်နှင့်အညီ မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့ အ.ထ.က (၁) ကျောင်းဝန်းအတွင်း ​ပြုလုပ်ခဲ့သည်။

အဆိုပါ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးမင်းအေးချမ်းဇွန်၊ သစ်တောတာဝန်ခံ (တောအုပ်) ဦးသန့်ဇင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအသင်းနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များက ယူကလစ် (၂၀၀)ပင်၊ မန်ဂျန်ရှား (၂၀၀)ပင်၊ မဟော်ဂနီ (၁၅၀)ပင်၊ ကျွန်း (၂၀)ပင်၊ စိန်ပန်း (၁၅)ပင်၊ ဗန်ဒါ (၁၀)ပင်၊ ခရေ (၅)ပင် စုစုပေါင်း သစ်ပင် (၆၀၀)ပင်တို့အား စိုက်ပျိုးခဲ့ကြပြီး မိုးရာသီတွင် သစ်ပင်စိုက်ပျိုးနိုင်ရေးအတွက် သစ်ပင်များ ပျိုးထောင်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)