တံတားဦး မေ၂၂
ကျောက်ဆည်ခရိုင် တံတားဦးမြို့ အမှတ်(၂)ရပ်ကွက်ရှိ သမိုင်းဝင် မဟာမင်္ဂလာစေတီဘုရားကြီး၏ (၄၁) ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကို ယခုနှစ် နယုန်လပြည့်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် အဆိုပါဘုရားစောင်းတန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ် ကြောင်းသိရသည်။
ဆွမ်းဆန်တော်လောင်းလှူပွဲကို နယုန်လပြည့်နေ့တွင် နှစ်စဉ်နှစ်တိုင်းစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပြီး ယခုနှစ် ၁၃၈၅-ခုနှစ်၊ နယုန်လဆန်း(၁၅)ရက်နေ့တွင် (၄၀)ကြိမ်မြောက် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း၊ ဆွမ်းဆန်တော်လောင်းလှူပွဲနှင့် ပတ်သက်ပြီး နေ့လယ်(၁၂)နာရီအချိန်တွင် ဩဝါဒဆရာတော်ဘုရားများမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားချီးမြှင့်ပေးသနား၍ ရေစက်သွန်အမျှပေးဝေမည်ဖြစ်ပြီး အဆိုပါနေ့ မွန်းလွဲ(၁)နာရီအချိန်တွင် ဆွမ်းဆန်တော်လောင်းလှူပွဲကို ဆရာတော်၊ သံဃာတော်များအား စာရေးတံမဲ စနစ်ဖြင့် လောင်းလှူမည်ဖြစ်ကြောင်း အလှူရှင်များအနေဖြင့် ကုသိုလ်ပါဝင်လှူဒါန်းပေးစေလိုကြောင်း သမိုင်းဝင်မဟာမင်္ဂလာစေတီဘုရားဂေါပကအဖွဲ့ ဦးမြင့်အောင်ထံမှသိရသည်။
ရဲတင့် (ပြန်/ဆက်)